Frequently Asked Questions

ဖော်ပြပါပုံအတိုင်း ပို့ဆောင်ရေးအက်ပ်ရဲ့ ညာဘက်အပေါ်ဆုံးထောင့်မှာရှိတဲ့ နားကြပ်ပုံကိုနှိပ်ပြီး တာဝန်ကျ Dispatcher နှင့် ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ အလုပ်ချိန်စတင်နေသည့်အချိန်မှသာ Dispatch နှင့်ဆက်သွယ်ပြောဆိုနိုင်သည့် နားကြပ်ပုံအား မြင်တွေ့နိုင်မှာဖြစ်တာကို သိရှိစေလိုပါတယ်။ နမူနာဗီဒီယို ကြည့်ရှုရန် လင့်ခ်

အလုပ်ချိန်အတွင်း အော်ဒါလက်ခံပို့ဆောင်နေချိန်တွင် မှာယူသူဘက်မှဖြစ်စေ၊ ဆိုင်ရှင်ဘက်မှဖြစ်စေ ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်၍ တစ်စုံ၊တစ်ခုပေါ်ပေါက်လာပါက သက်ဆိုင်ရာ Dispatch ထံသို့ နားကြပ်ပုံမှတဆင့် ဆက်သွယ်အကူအညီတောင်းယူနိုင်ပါသည်။

  • မိမိတည်၏နေရာနှင့် အော်ဒါသွားရောက်ယူရမည့် ဆိုင်၏တည်နေရာ အလွန်ကွာဝေးနေသည့်အခါ
  • မှာယူသူနှင့် ဆက်သွယ်၍မရခြင်း/လိပ်စာအတိအကျ မသိရသည့်အခါ
  • ဆိုင်ဘက်တွင် မှာယူထားသည့် ပစ္စည်း/မီနူးတစ်ခုမရသည့်အခါ
  • အကယ်၍ မှာယူထားသည့်အော်ဒါအတွက် ဆိုင်ဘက်တွင် မီနူအားလုံးမရရှိတာမျိုးမဟုတ်ဘဲ ပစ္စည်း/မီနူးအချို့ပဲ မရနိုင်တာမျိုးဖြစ်ပါကလဲ အလားတူ Dispatch သို့ ဆက်သွယ်အကြောင်းကြားပါ။

ပို့ဆောင်ရေးအက်ပ်ရဲ့ Menu bar-> Rider Support ကိုဝင်ရောက်ပြီး ”+” ပုံစံကိုနှိပ်ကာ Ticket အသစ်တစ်စောင် တင်နိုင်ပါတယ်။

”Please select an option” နေရာတွင် ရေးသားပေးပို့လိုသည့် အကြောင်းအရာအမျိုးအစားကို ရွေးပါ။

အကြောင်းအရာ အမျိုးအစား

Apps & Tools (အက်ပ်အသုံးပြုပုံနှင့်သက်ဆိုင်သည့် အကြောင်းအရာများ)
ပို့ဆောင်ရေးအက်ပ်၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ အဆင်မပြေမှု (ဥပမာ- အက်ပ်ဗားရှင်းကြောင့် အသုံးပြု၍မရခြင်း၊ အက်ပ်ပလီကေးရှင်း ဆက်တင်ချိန်ညှိခြင်းနှင့်သက်ဆိုင်သည့် အခက်ခဲများ၊ အကောင့်ဝင်ရောက်၍မရခြင်း စသဖြင့်…)

Benefits (အကျိုးခံစားခွင့်နှင့်သက်ဆိုင်သည့်အကြောင်းအရာများ)
လုပ်အားခငွေရရှိမှုနှင့်သက်ဆိုင်သည့် အကြောင်းအရာ (ဥပမာ- လုပ်အားခငွေ အချိန်မှီမရရှိခြင်း၊ လုပ်အားခရရှိသည့်နေ့တွင် လုပ်အားခငွေ ရောက်မလာခြင်း၊ လုပ်အားခငွေ မှားယွင်းနေခြင်း စသဖြင့်…)

Cash Collection (နေ့စဥ်ငွေပြန်လည်အပ်နှံခြင်း)
အလုပ်ချိန်အတွင်း ရရှိထားသောငွေများအား foodpanda Biller အကောင့်သို့ ပြန်လည်အပ်နှံမှုနှင့်ပတ်သက်သည့် အကြောင်းအရာ (ဥပမာ- ပြန်လည်အပ်နှံရမည့်ငွေပမာဏ မှားယွင်းခြင်း၊ Wallet အတွင်းရှိငွေပမာဏ လွဲမှားနေခြင်း၊ ငွေပြန်လည်အပ်နှံရမည့်ရက်ထက် ကျော်လွန်ခဲ့ခြင်း စသဖြင့်…)

Contracts and Documents (စာချုပ်နှင့်စာရွက်စာတမ်းများ)
ကန်ထရိုက်တာ၏ စာချုပ်သက်တမ်း တိုးမြှင့်ခြင်း၊ စာချုပ်အတွက် လိုအပ်သည့် စာရွက်၊စာတမ်းများ ပေးပို့ခြင်း (ဥပမာ- ထောက်ခံစာ၊ ကိုယ်ရေးအချက်အလက်များနှင့်သက်ဆိုင်သည့် စာရွက်၊ စာတမ်းများ ပေးပို့ရန်လိုအပ်သည့်အခါ စသဖြင့်…)

Equipment & Deposit (အသုံးအဆောင်ပစ္စည်းဆိုင်ရာ)
ရုံးမှထုတ်ပေးထားသည့် ပို့ဆောင်ရာတွင်အသုံးပြုရသည့်ပစ္စည်းများ (ပစ္စည်း/အစားအသောက်ထည့်ရန် ပုံး၊ ဦးထုတ်၊ အင်္ကျီ) ပြန်လည်အပ်နှံလိုခြင်း သို့မဟုတ် လဲလှယ်လိုခြင်း/ ပျောက်ဆုံးသွားခြင်း၊ ပို့ဆောင်ရာတွင်အသုံးပြုရသည့်ပစ္စည်းများအား ထုတ်ယူရန်ကျန်ရှိနေခြင်းနှင့် ထိုပစ္စည်းများအား ရုံးသို့ ပြန်လည်အပ်နှံပြီး Deposit ငွေပြန်လည်ထုတ်ယူလိုခြင်း စသည့် အကြောင်းအရာနှင့်ပတ်သက်သည့်ကိစ္စများ

Health Insurance (ကျန်းမာရေးအာမခံ)
ကျန်းမာရေးအာခံထားခြင်းဆိုင်ရာ ကိစ္စများ

My Sessions (အလုပ်ချိန်ဆိုင်ရာ)
အလုပ်ချိန်(Sessions) ပျက်ကွက်ခြင်း၊ ဘိုကင်ယူထားသော အလုပ်ချိန်နှင့်ပတ်သက်၍ အဆင်မပြေမှု၊ အလုပ်ချိန်အတွင်း အော်ဒါပယ်ဖျက်မှုဖြစ်ပွားခြင်း (သို့) အော်ဒါတွင် ပစ္စည်း/မီနူး တစ်ခုမရခြင်းကြောင့် မိမိရဲ့ Wallet တွင်ပေါင်းသွားသည့် စုစုပေါင်းကျသင့်ငွေအား ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်သည့်အခါ စသည့်အကြောင်းအရာကိစ္စများ

Personal Details (ကိုယ်ရေးအချက်အလက်များ)
မိမိ၏ ကိုယ်ရေးအချက်အလက်များ ပြောင်းလဲလိုခြင်း (ဥပမာ- အမည်, ရုံးသို့ပေးထားသည့် ဖုန်းနံပါတ်, level-2 ဖြစ်ထားသော Wave အကောင့်နံပါတ်, ယာဉ်အမျိုးအစားနှင့်ပတ်သက်၍ ပြောင်းလဲလိုသည့်အခါ စသဖြင့်…)

Sickness & Vacation (ခွင့်တိုင်ကြားခြင်း)
ဖျားနာခြင်း၊ နေမကောင်းဖြစ်ခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းနှင့် ခရီးသွားနေခြင်း စသည့်တို့ကြောင့်
အလုပ်မှအနားယူရန် အကြောင်းကြားခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာကိစ္စများ

Covid19 ရောဂါကူးစက်ခံရခြင်း (သို့) Quarantine ဝင်ရောက်နေရသည့် အကြောင်းအရာကိစ္စအား အသိပေးတင်ပြခြင်း

”Please select an option” တွင် ရေးသာပေးပို့လိုသည့် အကြောင်းအရာအမျိုးအစားကို ရွေးပြီးသည့်နောက်တွင် အချို့အကြောင်းအရာများအတွက် အကြောင်းအရာတိကျမှုရှိစေရန် ”Please be more specific” ဆိုပြီး ထပ်မံမြင်တွေ့ရပါလိမ့်မည်။ ထိုနေရာတွင် ပေးပို့လိုသည့်အကြောင်းအရာနှင့် သက်ဆိုင်သည့် အကြောင်းအရာအား ထပ်မံရွေးချယ်ပေးပါ။

နမူနာကြည့်ရှုရန် လင့်ခ်