Frequently Asked Questions

ကျွန်တော်တို့ရဲ့အွန်လိုင်းဝက်ဘ်ဆိုက်ကတဆင့် တိုက်ရိုက်အလုပ်လျှောက်ထားနိုင်ပါတယ်။ Website လိပ်စာ : https://rider.foodpanda.com.mm/

သတ်မှတ်ထားတဲ့မြို့တွေမှာ စက်ဘီး သို့မဟုတ် မော်တော်ဆိုင်ကယ် အသုံးပြုပို့ဆောင်စီးနင်းမယ့် ပို့ဆောင်သူတိုင်း panda rider အဖြစ်အလုပ်လျှောက်ထားလုပ်ကိုင်လို့ရမှာပါ။

ဟုတ်ကဲ့, foodpanda နဲ့အတူ လက်တွဲလုပ်ကိုင်လျက်ရှိတဲ့ panda rider ပို့ဆောင်သူတွေက Freelance ပို့ဆောင်သူတွေဖြစ်တာကြောင့် ဘယ်အချိန်၊ ဘယ်နေရာမှာ အလုပ်ဆင်းမယ်ဆိုတာကို ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်နိုင်တာဖြစ်လို့ panda rider အဖြစ်လျှောက်ထားလုပ်ကိုင် နိုင်ပါတယ်။

ဟုတ်ကဲ့, အော်ဒါပို့ဆောင်ရာမှာ မဖြစ်မနေအသုံးပြုပြီးပို့ဆောင်ရမယ့်ပစ္စည်းတွေအတွက် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေဝယ်ယူရပါမယ်။ နေ့စဉ်ပို့ဆောင်မှုတလျှောက်လုံး သက်တောင့်သက်သာဖြစ်ဖို့နဲ့ သင့်တင့်လျောက်ပတ်တဲ့အသုံးအဆောင်ပစ္စည်းတွေအသုံးပြုပြီးပို့ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

မိမိအလုပ်လုပ်ကိုင်လိုတဲ့အချိန်တွေမှာ Batch အလိုက်စိတ်ကြိုက်အလုပ်အချိန်တွေဘိုကင်ယူလုပ်ကိုင်နိုင်ပြီး ပြီးမြောက်အောင်ပို့ဆောင်ပြီးတဲ့ အော်ဒါတိုင်းနဲ့ စီးနင်းပို့ဆောင်ထားတဲ့အကွာအဝေးအလိုက်လုပ်အားခရရှိတာဖြစ်လို့ foodpanda နဲ့လက်တွဲပို့ဆောင်မှုကကောင်းမွန်ပါတယ်။

foodpanda ပို့ဆောင်သူအဖြစ် လက်တွဲလုပ်ကိုင်သင့်တဲ့အချက်တွေဖြစ်ပါတယ် :

  • အသုံးပြုရလွယ်ကူ အဆင်ပြေမှုအရှိဆုံးအက်ပ်ပလီကေးရှင်းနဲ့ အော်ဒါပို့ဆောင်ရခြင်းအပြင် သင့်တင့်လျောက်ပတ်တဲ့အလုပ်ချိန် (Sessions) များရယူပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း
  • အော်ဒါလက်မခံခင် ရရှိမယ့်လုပ်အားခကိုကြိုတင်မြင်တွေ့ရခြင်း
  • 100% သောမုန့်ဖိုးကို ပို့ဆောင်ဘက်မှ လက်ခံရယူနိုင်ခြင်း
  • တစ်နေ့စာတစ်နေ့ ငွေပြန်အပ်ရလွယ်ကူခြင်းအပြင် အပတ်စဉ်လုပ်အားခထုတ်ယူနိုင်ခြင်း
  • လုပ်သက်အတွေ့အကြုံနဲ့ အလုပ်ရဖို့အတွက် အင်တာဗျူးဝင်ရောက်ရန်မလိုခြင်း သို့သော် Delivery ပို့ဆောင်မှုနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူတွေကတော့ ဦးစားပေးဖြစ်ပါတယ်။
  • ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုရေးအထောက်အပံ့များရမယ့်အပြင် အရည်အသွေးကောင်းမွန်တဲ့ ပို့ဆောင်ရေးအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြု၍ပို့ဆောင်ရခြင်း

foodpanda ပို့ဆောင်သူတွေအနေနဲ့ နယ်ပယ်အစုံကနေရရှိနိုင်တဲ့ သီးသန့်အထူးလျော့ဈေးတွေအပြင် foodpanda နဲ့လက်တွဲပို့ဆောင်လုပ်ကိုင်တဲ့အတွက်လည်း အခြားခံစားခွင့်နဲ့အခွင့်အရေးတွေရရှိဦးမှာပါ! လတ်တလောရရှိနိုင်တဲ့ သီးသန့်ခံစားခွင့်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို Panda Perks ပေ့ချ်မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်။