ဤကိုယ်ရေးကိုယ်တာလုံခြုံမှုမူဝါဒသည် DH (Myanmar) Company Limited (ဤမှနောင်တွင် “foodpanda”၊ “ကျွန်ုပ်တို့/မိမိတို့”၊ “ကျွန်ုပ်တို့၏”၊ “ထိန်းချုပ်သူ”ဟူ၍ အလျဉ်းသင့်သလိုရည်ညွှန်းမည်)နှင့် ကျွန်ုပ်တို့၏လုပ်ငန်းခွဲများသည် သင် (“Rider” သို့မဟုတ် “သီးခြားလွတ်လပ်သော ပဋိညာဉ်ချုပ်ဆိုသူ”)၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား တည်ဆဲဥပဒေများ (၂၀၁၄ နှင့် ၂၀၂၁ ခုနှစ်တွင် ပြင်ဆင်ထားသည့် အတိုင်း အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၂၀၀၄အပါအဝင် အကန့်အသတ်မရှိသော အခြားဥပဒေများ)၊ စည်းမျဉ်းများ၊ လမ်းညွှန်ချက်များ၊ အကြံပြုချက်များ၊ အမိန့်ကြော်ငြာစာများနှင့် သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အတွင်း သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စီမံဆောင်ရွက်ခြင်းနှင့် စီမံဆောင်ရွက်မှုကို အုပ်ချုပ်သည့် သက်ဆိုင်ရာ စည်းမျဉ်းအာဏာပိုင်မှ ထုတ်ပြန်သော ကျင့်ထုံး (“ဒေတာကိုယ်ရေးကိုယ်တာကာကွယ်ရေးဥပဒေများ”)နှင့် အညီ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်း သို့မဟုတ် အခြားတနည်းနည်းဖြင့် စီရင်ပိုင်ခွင့်ရှိသူကို ဆိုလိုခြင်းဖြစ်သည်။
သင့်အချက်အလက်ကို မည်သည့်ရည်ရွယ်ချက်များအတွက် မိမိတို့လိုအပ်သည်၊ မည်သို့သော အခြေအနေမျိုး တွင် သင့်အချက်အလက်ကို အခြားသူများထံ မိမိတို့မျှဝေခြင်းအား အောက်တွင်ကြည့်ရှုနိုင်သည်။
ကိုယ်ရေးကိုယ်တာအချက်အလက် ဆိုသည်မှာ မှန်ကန်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ — (က) ထိုကိုယ်ရေးကိုယ်တာအချက်အလက်မှဖြစ်စေ၊ သို့မဟုတ် (ခ) အဖွဲ့အစည်းရှိ သို့မဟုတ် ယင်းအဖွဲ့ထဲ၌ တည်ရှိသော အချက်အလက်မှဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးနှင့်ပတ်သက်၍ အတည်ပြုဖော်ထုတ်နိုင်သော အချက်အလက်ကိုဆိုလိုသည်။ အဆိုပါကိုယ်ရေးကိုယ်တာအချက်အလက်များတွင် သင်၏အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ တည်နေရာဒေတာ သို့မဟုတ် အီးမေးလ်လိပ်စာများ ပါဝင်နိုင်သည်။
ကျွန်ုပ်တို့၏ဝန်ဆောင်မှုရယူသူများအတွက် ကျွန်ုပ်တို့၏ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပေးအပ်နိုင်ရန်၊ ကိရိယာများနှင့် စနစ်မျိုးစုံအသုံးရပြီး ယင်းတို့မှာအော်ဒါမှာယူမှုများပေးပို့ရန်အတွက် မဖြစ်မနေ လိုအပ်ပါသည်။ အမှုထမ်း စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုများအတွက် သင်၏ကိုယ်ရေးအချက်အလက်ကို စီမံအသုံးပြုရန် ပြင်ပနှင့် ရုံးတွင်းကိရိယာများနှင့် စနစ်များကိုလည်း အသုံးပြုရပါသည်။
ကိရိယာများနှင့် စနစ်များကို အသုံးပြုသည့် နယ်ပယ်အတွင်း ကိုယ်ရေးအချက်အလက် အောက်ပါ အမျိုးအစား များကို မိမိတို့ ကောက်ယူ၊ စီမံအသုံးပြု၊ သိုမှီးသိမ်းဆည်းပါသည်
အချက်အလက်အမျိုးအစား | ရှင်းလင်းချက် |
မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက် | အမည်၊ ရှေ့အမည်၊ လိပ်စာ၊ ပုံ/ဓာတ်ပုံ |
ဆက်သွယ်ရန်အချက်အလက် | အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ |
အကောင့်အချက်အလက် | မွေးရက်၊ မွေးဖွားရာဇာတိ၊ နိုင်ငံသား၊ လိင် (ကျား/မ)၊ ဘဏ်စာရင်းအသေးစိတ်အချက်အလက်၊ သက်သေခံနံပါတ် |
စွမ်းဆောင်ရည်အချက်အလက် | အက်ပလီကေးရှင်းအများအသုံးပြုချိန်၊ အော်ဒါမှာယူမှုအသေးစိတ်များ |
ပထဝီတည်နေရာအချက်အလက် | GPS အချက်အလက် |
နည်းပညာအချက်အလက် | စက်အချက်အလက် |
အောက်ဖော်ပြပါရည်ရွယ်ချက်များအတိုင်း သင့်ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို လိုအပ်သည့်အခါ ကျွန်ုပ်တို့ ဥပဒေနှင့်အညီ စီမံဆောင်ရွက်သည်-
ရည်ရွယ်ချက် | ရည်ရွယ်ချက်အတွက် ဘာ့ကြောင့် အချက်အလက် စီမံအသုံးပြုသလဲ? |
လူသစ်စုဆောင်းခြင်း | လျှောက်ထားမှုလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ်၊ မိမိတို့ထံ သင့် ထံမှပေးအပ်သော အချက်အလက်ပေါ် အခြေခံပြီး သင့်ကိုယ်ရေးအချက် အလက်ကို စုဆောင်း၊ စီမံအသုံးပြု၊ သိုမှီးသိမ်းဆည်းပါသည်။ စီမံအသုံးပြု သည့်ရည်ရွယ်ချက်မှာ လျှောက်ထားသူတစ်ဦးကို လက်ခံရန် သို့မဟုတ် ပယ်ချရန် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရေး ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
မည်သူမည်ဝါြဖစ်ကြောင်း စိစစ်အတည်ပြုခြင်း သင့်လျှောက်လွှာကိုယ်ရေးမှတ်တမ်းကို မသမာမှုပြုလုပ်မှုများမှ ရှောင်လွှဲနိုင်ရန်၊သင်မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို စိစစ် အတည်ပြု ရန်နှင့် အဆိုပါ ကိုယ်ရေးမှတ်တမ်းပိုင်ရှင်သည် ၎င်းပြောသည့်သူ ဟုတ်၊ မဟုတ် သေချာရန်လိုအပ်ပါသည်။ သို့ဖြစ်ရာ သံသယဖြစ်ဖွယ်အပြုအမူ ပုံစံများကို စောစီးစွာသိရှိနိုင်စေရန် မည်သူမည်ဝါဖြစ်ကြောင်း စိစစ် အတည်ပြုသည့် နည်းလမ်းများ အသုံးပြုရပါသည်။ မိမိတို့ စိစစ်အတည်ပြုမည့် “ကိုယ်တိုင် ရိုက် (Selfie)” ပုံ/ဓာတ်ပုံ တစ်ပုံ ကျွန်ုပ်တို့စနစ်ပေါ်သို့ တင်ပေးရန် တောင်းဆိုမည်ဖြစ်ပါသည်။ ယင်းပုံကို မည်သူမည်ဝါဖြစ်ကြောင်း စိစစ် အတည်ပြုပြီး ယင်းအချက်အလက်ကို မလိုအပ်တော့သည်နှင့် ချက်ချင်း ဖျက်ပေးမည်ဖြစ်သည်။ ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
လျှောက်ထားသူ ပြန်လည်လုပ်ဆောင်ခြင်း | လျှောက်ထားသူသည် လျှောက်ထားသည့်လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်ခြင်းမပြုပါက၊ လျှောက်ထားမှုလုပ်ငန်းစဉ်ကို ပြီးမြောက် စေရန် လုပ်ဆောင်ရမည့် အဆင့်များအား လျှောက်ထားသူကို အသိပေး နိုင်ရေး SMS သို့မဟုတ် အီးမေးလ်များ ပေးပို့သွားမည်ဖြစ်သည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ပဋိညာဉ်စာချုပ် | သီးခြားလွတ်လပ်သောပဋိညာဉ်ချုပ်ဆိုသူသဘောတူစာချုပ် ချုပ်ဆို ပြီးစီးခြင်း
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
အလုပ်ဝင်မိတ်ဆက်ခြင်း | ဝန်ဆောင်မှုပထမဆုံးနေ့အတွက် ပြင်ဆင်ခြင်း၊ Rider သစ်များ သင်ကြားပေးခြင်း
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
တာဝန်ချထားမှုစောင့်ကြည့်ခြင်း | Rider များ ၎င်းတို့၏ ပဋိညာဉ်ဆိုင်ရာတာဝန်ဝတ္တရားများ ဖြည့်ဆည်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ စိတ်ချယုံကြည်ရမှု အကဲဖြတ်ခြင်း။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
အကောင့်များ | အသုံးပြုသော အက်ပလီကေးရှင်းများအတွက် လိုအပ်သောအကောင့်များ ဖန်တီးခြင်း
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
အလုပ်ချိန် မှတ်တမ်းတင်ခြင်း | Rider ၏ အလုပ်ဆောင်ရွက်မှုမှတ်တမ်းတင်ခြင်း
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ဝန်ဆောင်မှုရယူသူနှင့် ဆက်သွယ်ခြင်း | အော်ဒါမှာယူမှု သို့မဟုတ် ပို့ဆောင်မှု အခြေအနေနှင့်ပတ်သက်၍ ဝန်ဆောင်မှုရယူသူများထံ ဆက်သွယ်ခြင်း
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ဓာတ်ပုံများနှင့် ဗီဒီယိုများ | Rider များ၏ ဓာတ်ပုံများနှင့် ဗီဒီယုများ ရိုက်ကူးခြင်းနှင့် ပုံနှိပ်ခြင်း
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
Rider စီမံကွပ်ကဲမှု | ဥပဒေအရလိုအပ်သော စာရွက်စာတမ်းများနှင့် အထောက်အထားများ စီမံအသုံးပြုခြင်းနှင့် ဖန်တီးခြင်းသာမက ကျွန်ုပ်တို့၏ Rider များ အတွက် ဝန်ဆောင်ခများပေးအပ်ခြင်းအတွက် သင်၏ကိုယ်ရေး အချက် အလက်ကို ကောက်ယူ၊ စီမံအသုံးပြု၊ သိုမှီးသိမ်းဆည်း ပါသည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ဆက်သွယ်ခြင်း | မိမိတို့နှင့် Rider များအကြား ဆက်သွယ်မှုအတွက် အမျိုးမျိုးသော ကိရိယာပစ္စည်းများကို အသုံးပြုပါသည်။ စီမံအသုံးပြုရသည့် ရည်ရွယ် ချက်မှာ လိုအပ်သောသတင်းအချက်အလက်ကို ဆက်သွယ်ပေးရန် ဖြစ် သည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ပေးပို့မှု | မိမိတို့၏ ဝန်ဆောင်မှုရယူသူများက မှာယူသောပစ္စည်းများ ချက်ချင်း ပေးပို့နိုင်ရေးသေချာစေရန်၊ ကျွန်ုပ်တို့ Riderများ၏ညှိနှိုင်း ဆောင်ရွက်မှု အချက်အလက်များကို ကောက်ယူပြီး အသင့်တော်ဆုံး နေရာတွင် ရှိနေကြသော Rider များထံ အော်ဒါ မှာယူမှုကို လွှဲအပ် ပေးပါသည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ပေးပို့မှုခန့်မှန်းခြင်း | ခန့်မှန်းပေးပို့ချိန်ကို ဝန်ဆောင်မှုရယူသူများအား အသိပေးနိုင်စေရန် ရည် ရွယ်ပြီး၊ ပျမ်းမျှအမြန်နှုန်းအချက်အလက်ကို အမည်ဖော်ပြခြင်းမရှိသော ပုံစံဖြင့် စီမံ အသုံးပြုသည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ပေးချေမှုများ | ငွေစာရင်းရှင်းတမ်းများပြင်ဆင်ခြင်း၊ ဝန်ဆောင်ခများ ပေးချေခြင်း
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
Rider ပစ္စည်းကိရိယာများ | Riderများသည် မိမိတို့ထံမှ Rider ပစ္စည်းကိရိယာများရရှိမည် ဖြစ်သည်။ ယင်းပစ္စည်းများသည် မိမိတို့ Rider များ ဆင်တူသော အသွင်အပြင်ရှိစေသလို အကာအကွယ်လည်း ဖြစ်စေပါသည်။ လိုအပ်သော ပစ္စည်းကိရိယာ များ အမြဲတစေရရှိစေရေး သေချာစေရန် ပေးအပ်ထားသည့် ပစ္စည်းကိရိယာများကို မိမိတို့က စီမံ၊ စောင့်ကြည့်ပေးပါသည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
အချိန်မှတ်တမ်းတင်ခြင်း | ပေးပို့မှုများ အမှန်တကယ်လုပ်ဆောင်ရေးအတွက် မိမိတို့ Rider များ၏ ကိုယ်ရေးအချက်အလက်ကို စုဆောင်း၊ စီမံအသုံးပြု၊ သိမ်းဆည်းထားရှိ ပါသည်။ စီမံအသုံးပြုခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်လုပ်သောနာရီ အရေအတွက်ကို ကောက်ယူရန်နှင့် လိုအပ်သောမှတ်တမ်းများ ဖန်တီးရန် ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
စွမ်းဆောင်ရည်အကဲဖြတ်မှု | စီးနင်းသူ၏ စွမ်းဆောင်ရည်အကဲဖြတ်မှုမှာ အရည်အသွေး (စားသောက်ဆိုင်နှင့် ဝန်ဆောင်မှုရယူသူများ၏ တိုင်ကြားမှုများ)၊ အော်ဒါမှာယူမှုများ ပေးပို့မှု အရေအတွက်တို့ပေါ် အခြေခံပါသည်။ ယင်း၌ စိတ်ချယုံကြည်ရမှု၊ သင့်လျော်မှန်ကန်စွာ Login ဝင်မှု၊ အဆိုင်းအတွင်း အဆိုင်းမဆုံးမီအထိ အော်ဒါမှာယူမှုများ လက်ခံမှုတို့ အပါအဝင်၊ ယင်းတို့ချည်းသာဟုကန့်သတ် မထားသောအချက်များ ပါဝင်ပါသည်။ အော်ဒါမှာယူမှုကို သင့်လျော် မှန်ကန်စွာ ဆောင်ရွက်ပေးမှုလည်းပါဝင်ပါသည်။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ရပ်စဲမှု | Rider များနှင့် ပုံမှန်နှင့် ပုံမှန်မဟုတ်သော ပဋိညာဉ်ရပ်စဲမှုများ
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
အလုပ်ထွက်ရှင်းလင်းခြင်း | ရှိရင်းစွဲအကောင့်များရပ်ဆိုင်းခြင်း (Deactivation)၊ ရရှိထားသော အဝတ် အထည်နှင့် ပစ္စည်းကိရိယာများပြန်အပ်ခြင်း။
ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
မှတ်တမ်းတင်ခြင်း | အခွန်ရည်ရွယ်ချက်အတွက် ဆက်လက်ထားရှိရန်လိုအပ်သော စာရွက် စာတမ်း/မှတ်တမ်းများ သိမ်းဆည်းခြင်း
အခေါက်ခွန်ရည်ရွယ်ချက်များနှင့် လိမ်လည်မှု တားဆီးကာကွယ်ရေးနှင့် ကျွန်ုပ်တို့အတွက် သက်ဆိုင်သည့် အခြားသော ဥပဒေ သို့မဟုတ် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာများအရ သိမ်းဆည်းထားရမည့် စာရွက် စာတမ်းများကို မှတ်တမ်းတင်ခြင်း၊ ။ ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ကြော်ငြာနှင့်ဈေးကွက်ရှာဖွေရေး | အွန်လိုင်းဈေးကွက်ရှာဖွေရေး
ကျွန်ုပ်တို့၏ ငှားရမ်းမှုလုပ်ငန်းစဉ်သည် Rider ဖြစ်နိုင်ခြေရှိသူများကို ရှာဖွေရေးအပေါ်များစွာမှီတည်ပါသည်။ သင့်လျော်သူများထံ ရောက်ရှိ နိုင်ရေး၊ ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုများ လုပ်ဆောင်ရပါသည်။ ထို့ကြောင့် သင့်အား မိမိတို့လုပ်ငန်းစဉ်များကို ဖြစ်နိုင်သမျှ ပွင့်လင်း မြင်သာစွာဖော်ပြလိုပါသည်။ ကျွန်ုပ်တို့ ချဉ်းကပ် ဆောင်ရွက်သော အောက်ပါအွန်လိုင်း ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှုများတွင် ပစ်မှတ်ထားခြင်း (Targeting) နှင့် ထပ်မံပစ်မှတ်ထားခြင်း (Retargeting) တို့ပါဝင်သည်။ ၁) ပစ်မှတ်ထားခြင်း (Targeting) မူအားဖြင့်ဆိုပါက၊ ပစ်မှတ်ထားခြင်း (Targeting) ဆိုသည်မှာ ဝက်ဘ် ဆိုက်များ၌ အထူးတလည်ပစ်မှတ်ထားသည့် လူအုပ်စုများကို ရည်ရွယ် စီမံသည့် ကြော်ငြာနဖူးစီးများ/အကွက်များ ကူးပြောင်းခြင်း၊ ဘွားကနဲ ပေါ်လာခြင်းကို ဆိုလိုသည်။ အသုံးပြုသူနှင့် Rider ဖြစ်ရန် အလားအလာ ရှိသူများအတွက် ဖြစ်နိုင်သမျှ သီးခြားစီ စွဲဆောင်မှု အရှိဆုံးကြော်ငြာ နဖူးစီး/အကွက်များ ပြရသရန်ဖြစ်ပါသည်။ ရှေးဦးစွာ၊ မည်သူတို့ကို ပစ်မှတ်ထားသည့်လူအုပ်စုဟု သတ်မှတ်မည်ကို ဖွင့်ဆိုရန်ဖြစ်သည်၊ ဒုတိယအဆင့်တွင် ယင်းဖွင့်ဆိုသတ်မှတ်ထားသော လူအုပ်စုကို မိမိတို့ ကြော်ငြာများပြသရန် မိမိတို့၏ (အင်တာနက်) ဝန်ဆောင်မှုပေးအပ်သူ များထံ အလုပ်အပ်နှံသည်။ ကျွန်ုပ်တို့အနေဖြင့် ကနဦးကတည်းက အမည်မဖော်ဘဲ စီမံပြီးဖြစ်သောကြောင့် ကိုယ်ရေး အချက်အလက်များကို စီမံအသုံးချခြင်းမပြုပါ။ မတူညီသော ပစ်မှတ်ထားသည့် လူအုပ်စုများကို ပိုင်းကန့်ခြားနားပြီးနောက် အထိရောက်ဆုံးပစ်မှတ်ထားနိုင်ရန်အတွက် မတူညီသည့်ဝက်ဘ် Portal များတွင် မတူညီသည့် ကြော်ငြာများ ထည့်သွင်းပါသည်။ ၂) ထပ်မံပစ်မှတ်ထားခြင်း (Retargeting) ကျွန်ုပ်တို့၏ Rider အစီအစဉ်နှင့်ပတ်သက်၍ နောက်ထပ် သတင်းအချက် အလက်ရယူရန်အတွက် သင်က မိမိတို့ဝက်ဘ်ဆိုက်ကို ဝင်ရောက်လည် ပတ်လိုက်သည်နှင့် Cookies များတွင် ဤသတင်း အချက်အလက်ကို သိမ်းဆည်းလိုက်ပါသည်။ အခြားဝက်ဘ်ဆိုက်များ ကို ဆက်လက်ကြည့်ရှု ပါက၊ မိမိတို့၏ ကြော်ငြာဆိုင်ရာမိတ်ဖက်များက သင်လျှောက်လွှာ မသွင်းရသေးကြောင်း ကျွန်ုပ်တို့ကိုယ်စား သတိပေး သွားမည်ဖြစ်သည်။ ကျွန်ုပ် တို့၏ အံ့မခန်း Rider အစီအစဉ်နှင့် သင် လွဲချော်သွားမည်စိုးသောကြောင့် ဖြစ်ပါသည်။ သင့် Browser တွင် သင့်လျော်သည့် Add–Ons များ Install လုပ်ခြင်း ဖြင့် ထပ်မံပစ်မှတ်ထားခြင်း (Retargeting) ကို ပယ်ဖျက်နိုင်ပါ သည်။ ထို့ပြင် သင်သုံးနေသော Browserတွင် သိုမှီးထားသော Cookies များ ကို ပုံမှန် ဖျက်သင့်ပါသည်။ ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
လုပ်ငန်းလည်ပတ်မှုဘေးကင်းရေးနှင့် လိမ်လည်မှုကာကွယ်ရေး | ကျွန်ုပ်တို့၏ပလပ်ဖောင်းတွင် ပါဝင်သူတိုင်းအတွက် လုံခြုံမှုရှိသော ပလပ်ဖောင်းတစ်ခုဖန်တီးရန်နှင့် လုံခြုံမှုရှိသော ပို့ဆောင်ရေး အတွေ့အကြုံကိုရရှိစေရန်မှာ ကျွန်ုပ်တို့၏ အဓိကဦးစားပေးများထဲမှ တစ်ခုဖြစ်သည်။ ဤရည်ရွယ်ချက်အောင်မြင်ရန်အတွက် မသမာသော လှုပ်ရှားမှုများကို တားဆီးရန်နှင့် လုပ်ငန်းလည်ပတ်မှု ဘေးကင်းရေး သေချာစေရန်အတွက် တက်ကြွသောအစီအမံများကို အကောင် အထည် ဖော် ဆောင်ရွက်ပါ သည်။
အလုပ်ချိန်အပြောင်းအရွှေ့နှင့် တည်နေရာကို ပြောင်းလဲခြယ်လှယ်ခြင်း အပါအဝင် လိမ်လည်လှည့်ဖြားသည့် လှုပ်ရှားမှုများကို ရှာဖွေရန်နှင့် တားဆီးရန် လုပ်ငန်းစဉ်အမျိုးမျိုးများအား ကျွန်ုပ်တို့ အသုံးပြုပါသည်။ အမှန်တကယ်အကောင့်ကိုင်ဆောင်ထားသူများသာ “Rider” အကောင့်များကို ဝင်ရောက်ကြည့်ရှုကြောင်း သေချာစေရန်အတွက် မျက်နှာအသိအမှတ်ပြုခြင်း၊ ID စိစစ်ခြင်းနှင့် အကောင့်၏ အသက်ဝင်မှု တို့အား ထောက်လှမ်းခြင်းစသည့် နည်းပညာများကို ကျွန်ုပ်တို့ အသုံးချပါသည်။ ဤရည်ရွယ်ချက်နှင့်ပတ်သက်၍ သင့်မျက်နှာပုံသဏ္ဍာန်ကိုအသုံးပြု၍ အကောင့်၏ပိုင်ရှင် သည်သင်သာဖြစ်ကြောင်း အတည်ပြုရန် ကျွန်ုပ်တို့သည် Apple တံဆိပ် စက်ပစ္စည်းများအတွက် ARKit နှင့် TrueDepth နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ပြီး Google စက်ပစ္စည်းများအတွက် MLKit ကို အသုံးပြုပါသည်။ ဤလုပ်ငန်းစဉ်အတွင်း လုပ်ဆောင်ခဲ့သော သင်၏အချက်အလက်များအား အခြားမည်သည့် ရည်ရွယ်ချက် အတွက်မျိုးတွင်မဆို အသုံးပြုမည်မဟုတ်ကြောင်းနှင့် အခြား ခွင့်ပြုချက်မရှိသော ပြင်ပအဖွဲ့အစည်းများအား ထုတ်ဖော်ခြင်း မပြုကြောင်း ကျွန်ုပ်တို့အာမခံပါသည်။ ထို့အပြင်၊ စက်ပစ္စည်းဒေတာကို ခွဲခြမ်းစိတ်ဖြာခြင်း ဖြင့် အန္တရာယ်ဖြစ်နိုင်ချေရှိသော “Rider”များကို ခွဲခြားသတ်မှတ်ရန်နှင့် မောင်းနှင်မှုစံနှုန်းများကို မြှင့်တင်ရန် ကူညီပေးပါသည်။ သက်ဆိုင်ရာ ဥပဒေအရ ထိန်းသိမ်းထားရသည့် ကာလများနှင့်အညီရည်ရွယ်ချက် ပြည့်စုံပြီးသည်နှင့် သင့်ပုံများကို ချက်ချင်း ဖျက်မည်ဖြစ်ပါသည်။ အထက်ဖော်ပြပါ သက်ဆိုင်ရာအလုပ်ငန်းစဉ်များအားလုံးကို ထည့်သွင်း လုပ်ဆောင်ခြင်းဖြင့် ဤလုပ်ငန်းစဉ်အချို့ကို အလိုအလျောက် လုပ်ဆောင်နိုင်ပါသည်။ သင့်တွင် ဤလုပ်ငန်းစဉ်နှင့်ပတ်သက်၍ စုံစမ်း မေးမြန်းမှုများရှိပါက၊ အကူအညီပေးရေးအေးဂျင့်များကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး လူပုဂ္ဂိုလ်အနေဖြင့်ပြန်လည်သုံးသပ်ရန် တောင်းဆို နိုင်ပါသည်။ ကိုယ်ရေးအချက်အလက်အမျိုးအစားများ
|
ယေဘုယျအားဖြင့် ရည်ရွယ်သည့်ကိစ္စဖြည့်ဆည်းပြီးလျှင် သင့်အချက်အလက်ကို ပယ်ဖျက်ပစ်ပါသည်။ ပယ်ဖျက် သည့် စည်းမျဉ်းများအတိအကျကို ကျွန်ုပ်တို့၏ ဒေသဆိုင်ရာပယ်ဖျက်မှုအယူအဆများတွင် ဖွင့်ဆိုထားပါသည်။ စီမံအသုံးပြုမှုရည်ရွယ်ချက်အပေါ်မူတည်ပြီး မတူညီသည့်ပယ်ဖျက်သည့်စည်းမျဉ်းများ ကျင့်သုံးပါသည်။ ကျွန်ုပ် တို့၏ ပယ်ဖျက်မှုအယူအဆများအတွင်း ဒေတာအချက်အလက်အမျိုးအစား အမျိုးမျိုးခွဲခြားဖွင့်ဆိုထားပြီး ယင်းတို့ အပေါ် ပယ်ဖျက်သည့်ကာလများ သတ်မှတ်ထားပါသည်။ ထိန်းသိမ်းထားသည့်ကာလပြည့်သည်နှင့် သိုမှီးထား သည့်ဒေတာအချက်အလက်ကို ပယ်ဖျက်လိုက်ပါသည်။ အချို့သောအခြေအနေမျိုးတွင်မူ ပယ်ဖျက်ရန် တောင်း ဆိုမှုတစ်ရပ်ရပ်မှာ တရားဝင်သတ်မှတ်ပေးထားသော ထိန်းသိမ်းထားရှိသည့်ကာလနှင့် ဆန့်ကျင်နေနိုင်ပါသည်၊ ထိုသို့ဆိုပါက ပုံသေသတ်မှတ်ထားသော အနိမ့်ဆုံးကာလတစ်ရပ်အတွက် သိုမှီးထားသည့် အချက်အလက်ကို မိမိတို့ဘက်မှ ပယ်ဖျက်ပေး၍ မရနိုင်ပါ။ ယင်းဥပဒေသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်၊ ရည်ရွယ်ချက်ဖြည့်ဆည်းပြီးသည်နှင့် သက်ဆိုင်ရာဒေတာအချက်အလက်ကို တားဆီး (Block) လိုက်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် အချက်အလက်ပြည့်စုံမှုနှင့် အချက်အလက်တည်တံ့ခိုင်မြဲမှုကို အာမခံပေးပါသည်။
သင့်အချက်အလက်ကို ခွင့်ပြုထားခြင်းမရှိသော တတိယအဖွဲ့များထံ မည်သည့်အခါမျှ ပေးအပ်မည်မဟုတ်ပါ။ သို့ရာတွင်၊ ကျွန်ုပ်တို့အလုပ်တစ်စိတ်တစ်ဒေသအဖြစ် ရွေးချယ်ထားသော (အင်တာနက်)ဝန်ဆောင်မှုပေးအပ်သူများထံမှ ဝန်ဆောင်မှုများရယူပြီး ၎င်းတို့ထံ ကျွန်ုပ်တို့ အချက်အလက်အချို့အဝက်ကို အကန့်အသတ်ဖြင့်၊ တင်းကျပ်စွာစောင့်ကြည့်ပြီး ရယူသုံးစွဲခွင့် ပေးအပ်ပါသည်။ သို့ရာတွင်၊ ကျွန်ုပ်တို့ကိုယ်စား စီမံအသုံးပြုရန်အတွက်၊ ယင်းအချက်အလက် စီမံဆောင်ရွက်သူများထံ ကိုယ်ရေးအချက်အလက်ကို မလွှဲအပ်မီ၊ ကုမ္ပဏီအသီးသီးအား စာရင်းစစ်ဆေးမှု ပြုလုပ်ပါသည်။ အချက်အလက်လက်ခံရရှိသူအားလုံးသည် ဥပဒေနှင့်အညီ အချက်အလက် ကာကွယ်ရေးသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး ၎င်းတို့၏အချက်အလက်ကာကွယ်မှုအဆင့်ကို သင့် လျော်သော သက်သေအထောက်အထားဖြင့် သက်သေပြရမည် ဖြစ်သည်။
ကျွန်တို့၏အချက်အလက်များလက်ခံရရှိသူအားလုံးအကြောင်း ပွင့်လင်းမြင်သာ၍နားလည်လွယ်သော နည်းလမ်း ဖြင့် သက်ဆိုင်ရာအကြောင်းပြချက်အလိုက် သင့်အား အသိပေးလိုပါသည်။
အချက်အလက်လက်ခံရရှိသူ | အကြောင်းပြချက် |
ပြင်ပဝန်ဆောင်မှုပေးအပ်သူ | ၎င်းတို့သည် IT ဖြေရှင်းနည်းများနှင့် အခြေခံအဆောက်အအုံများ ကျွန်ုပ်တို့ အတွက် ပံ့ပိုးပေးခြင်းဖြင့် သို့မဟုတ် ကျုပ်တို့၏လုပ်ငန်း လည်ပတ်မှုများ လုံခြုံရေး သေချာစေခြင်းအားဖြင့်၊ ဥပမာအားဖြင့် ပြစ်ချက်များ ဖော်ထုတ်၊ ပြုပြင်ခြင်းအားဖြင့်၊ မိမိတို့၏လုပ်ငန်း ဆောင်ရွက်မှုများကို ပံ့ပိုးပေးပါသည်။ ထို့ပြင် ပြင်ပအခွန် အကြံပေးပုဂ္ဂိုလ်များ၊ ရှေ့နေများ သို့မဟုတ် စာရင်းစစ် များထံလည်း ၎င်းတို့ကိုငှားရမ်းသည့်ကိစ္စအတွက် ဝန်ဆောင်မှုပေးအပ်ပါက၊ ကိုယ်ရေးအချက်အလက်ကို ဖွင့်ဟအသိပေးရသည်လည်း ရှိနိုင်သည်။ |
Delivery Hero SE လုပ်ငန်းစုအဖွဲ့ဝင်များ
|
လုပ်ငန်းစုတစ်ခုအတွင်း တစ်ခါတစ်ရံတွင် ရင်းမြစ်များကို ထိရောက်စွာ အသုံးပြုရန်လိုအပ်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍၊ မိမိတို့လုပ်ငန်းစဉ်များ အကောင်းဆုံးဖြစ်စေရန် မိမိတို့လုပ်ငန်းစုအတွင်း အပြန်အလှန် ပံ့ပိုးကြပါ သည်။ ထို့ပြင် ပူးတွဲပါဝင်မှုနှင့် ဝန်ဆောင်မှုများလည်းပေးအပ်ပါသည်။ ယင်းတွင် ဥပမာအားဖြင့် စနစ်များအတွက် နည်းပညာဆိုင်ရာ အထောက် အပံ့လည်း ပါဝင်ပါသည်။
Delivery Hero SE နှင့်အတူ အချက်အလက်ကာကွယ်ရေး သတ်မှတ်ချက်များ ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့တွင် အပြည့်အဝ တာဝန်ရှိပါသည်။ ပူးတွဲ စည်းကမ်းထိန်းသိမ်းမှု မူဘောင် အတွင်း၊ ကျွန်ုပ်တို့နှင့် Delivery Hero SE သည် နှစ်ဖက်စလုံး၏ ၎င်းတို့၏ အခွင့်အရေးများ သာတူညီမျှဖြစ်စေရန် အာမခံမည်ဟု သဘောတူ ထားကြပါသည်။ ထို့ကြောင့် သင့်အနေဖြင့် တောင်းဆိုမှုတစ်ရပ်ရပ်ကို ကျွန်ုပ်တို့ထံနှင့် Delivery Hero SE, Oranienburger Straße 70, 10117 Berlin ထံ နှစ်ဖက်စလုံးသို့ လိပ်မူပေးပို့နိုင်ပါသည်။ အချက်အလက် ကာကွယ်ရေး အရာရှိထံသို့လည်း dpo@deliveryhero.com (Delivery Hero SE) သို့မဟုတ် dataprotection@foodpanda.mm (DH (Myanmar) Company Limited) သို့ ဖော်ပြပါ အီးမေးလ်လိပ်စာအတိုင်းပေးပို့နိုင်ပါသည်. |
တရားစွဲဆိုမှု အာဏာပိုင်များနှင့် တရားစီရင်ဆောင်ရွက်မှုများ | သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ပြည့်မီရန် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဥပဒေစိုးမိုးရေး တောင်းဆိုချက်များ အပါအဝင် အေဂျင်စီများ၊ အစိုးရနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ နှင့် မျှဝေနိုင်ပါသည်။ |
သင့်အချက်အလက်များကို အာရှပစိဖိတ်ဒေသ (APAC) အတွင်းသာ အဓိကအားဖြင့် စီမံအသုံးပြုပါသည်။ သို့ရာတွင် အထက်တွင်ရည်ညွှန်းထားသော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးအပ်သူအချို့မှာ APAC ပြင်ပတွင် အခြေ စိုက်ကြပါသည်။
ကျွန်ုပ်တို့၏ အချက်အလက်လက်ခံရရှိသူအားလုံးသည် ကိုယ်ရေးအချက်အလက်ကို တတိယနိုင်ငံများသို့ လွှဲ ပြောင်းမှုအတွက် အချို့သောသတ်မှတ်ချက်များ ပြည့်စုံရန်လိုအပ်ပါသည်။ သင့်အချက်အလက်ကို တတိယနိုင်ငံများရှိ ဝန်ဆောင်မှုပေးအပ်သူတစ်ဦးထံ မလွှဲပြောင်းမီ၊ ဝန်ဆောင်မှုပေးအပ်သူတိုင်းကို အချက်အလက်ကာကွယ်မှု အဆင့်နှင့်စပ်လျဉ်း၍ ဦးစွာအကဲဖြတ်ရပါသည်။ အချက်အလက်ကာကွယ်မှု သင့်လျော်သည့်အဆင့်တစ်ရပ် ရှိကြောင်း ပြသနိုင်မှသာ ဝန်ဆောင်မှုပေးအပ်သူများအဖြစ် ဆန်ခါတင် စာရင်းသွင်းမည်ဖြစ်ပါသည်။
ဒေတာကာကွယ်ရေးဥပဒေများမှ ပြဋ္ဌာန်းချက်များအတိုင်း လိုအပ်ချက်အရ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးအပ်သူများမှာ APAC ဒေသတွင်းရှိသည်ဖြစ်စေ၊ တတိယနိုင်ငံများတွင်ရှိသည်ဖြစ်စေ ဝန်ဆောင်မှုပေးအပ်သူအသီးသီးသည် မိမိတို့နှင့် ပဋိညာဉ်တစ်ရပ်ချုပ်ဆို လက်မှတ်ရေးထိုးရမည် ဖြပါသည်။မြန်မာနိုင်ငံမှ လွှဲပြောင်းပေးသည့် ကိုယ်ရေးကိုယ်တာဒေတာမှန်သမျှကို ဒေတာကာကွယ်ရေး ဥပဒေများအောက်တွင် လိုအပ်သည့် နှိုင်းယှဉ်စံနှုန်းဖြင့် အကာအကွယ်ပေးထားကြောင်းကိုလည်း သေချာစေပါသည်။
Cookies
မိမိတို့၏ ဝက်ဘ်ဆိုက် ဆွဲဆောင်မှုရှိစေရန်နှင့် အချို့သောလုပ်ဆောင်ချက်များ အသုံးပြုနိုင်စေရန်၊ ကွန်ရက် စာမျက်နှာများတွင် Cookies ဟုခေါ်သည့်အရာများ အသုံးပြုရပါသည်။ ယင်းမှာ သင့်စက်အတွင်း သိုမှီးထားသည့် သေးငယ်သော စာဖိုင် (Text Files) များဖြစ်ပါသည်။ ကျွန်ုပ်တို့အသုံးပြုသည့် အချို့သော Cookies များမှာ Browser Session တစ်ခုပြီးလျှင်၊ ဆိုလိုသည်မှာ Browser ကို ပိတ်လိုက်လျှင် ဖျက်ပစ်ပြီးဖြစ်ပါသည် (Session Cookies ဟု ခေါ်ပါသည်)။ အခြား Cookies များမှာမူ သင့်စက်အတွင်း ဆက်ရှိနေပြီး သင်နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ ကျွန်ုပ်တို့က သို့မဟုတ် ကျွန်ုပ်တို့၏ လက်အောက်ခံလုပ်ငန်းများက သင့် Browser ကို သိရှိ စေပါသည် (ဆက်ရှိနေသော Persistent Cookies ဟု ခေါ်ပါသည်)။ သင့် Browser ကို သတ်မှတ်ပေးထားပါက Cookies များချိန်ညှိချက် (Setting) အကြောင်း သင့်အားအသိပေးလိမ့်မည်ဖြစ်ပြီး ဖြစ်စဉ်တစ်ခုချင်းအလိုက် သို့မဟုတ် ယေဘုယျအားဖြင့် Cookies များ လက်ခံမှု သို့မဟုတ် ချန်လှပ်ထားမှုကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ Cookies များကို လက်မခံပါက ကျွန်ုပ်တို့ဝက်ဘ်ဆိုက်/အက်ပလီကေးရှင်း၏ ဆောင်ရွက်ချက်အပေါ် အကန့် အသတ် ရှိနိုင်ပါသည်။
မလိုအပ်သော Cookies များကို တားမြစ်ရန် သင့် Browser တွင် Add–On ဆိုသည်များကို ထည့်သွင်း (Install) လုပ်ထားနိုင်ပါသည်။ ထိုသို့လုပ်ထားပါက မိမိစိတ်ဝင်စားမှုကိုအခြေခံပြသည့် ကြော်ငြာများ သင်မြင်တွေ့ရမည် မဟုတ်ပါ။
ကန့်သတ်ထားသောစက်အချက်အလက်များ၊ IP Address၊ Device ID၊ MAC Address၊ Operating System၊ စက်အမျိုးအစား၊ Apple Advertiser ID (IDFA) သို့မဟုတ် Android AD ID (AAID) ကျွန်ုပ်တို့အသုံးပြုသော Cookies အားလုံးနှင့် ကျွန်ုပ်တို့၏ Cookie မူဝါဒကို Cookies and Web–Tracking Policy တွင် ရှာဖွေကြည့်ရှုနိုင်သည်။
သင့်အကြောင်း ကျွန်ုပ်တို့သိုမှီးထားသည့် ကိုယ်ရေးအချက်အလက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ထံမှ ပြည့်စုံ ရှင်းလင်းသော သတင်းအချက်အလက်ကို လက်ခံရရှိပိုင်ခွင့် သင့်ထံတွင်ရှိပါသည်။
ထို့ပြင် အောက်ပါအခွင့်အရေးလည်း သင့်ထံတွင် ရှိပါသည်။
သိရှိပိုင်ခွင့် | သင့်အကြောင်းမည်သည့်အချက်အလက်ကို ကျွန်ုပ်တို့ သိုမှီးထားသည်၊ ဤအချက် အလက်ကို ကျွန်ုပ်တို့ မည်သို့စီမံအသုံးပြုသည်ဆိုခြင်းကို သိရှိပိုင်ခွင့် သင့်တွင် ရှိပါသည်။
သင်၏ဝင်ရောက်ခွင့်တောင်းဆိုမှုကို လက်ခံရရှိပြီးနောက် ရက်ပေါင်း (30) အတွင်း မည်သည့်အခြေအနေမျိုးတွင်မဆို သင့်ဝင်ရောက်ခွင့်တောင်းဆိုချက်ကို တတ်နိုင်သမျှ အမြန်ဆုံး တုံ့ပြန်ပါမည်။ သင်၏တောင်းဆိုချက်ကို လိုက်နာရန် (အကြောင်းပြချက်ဖြင့်) သို့မဟုတ် တောင်းဆိုချက်ကို အကျိုးသက်ရောက်စေရန် နောက်ထပ်အချိန်လိုအပ်ပါက အချိန်ဘောင်အတွင်း သင့်အား အကြောင်းကြား ပါမည်။ |
ပြင်ဆင်တည့်မတ်ပိုင်ခွင့် | ယင်းသိုမှီးထားသော အချက်အလက်သည် မှားယွင်းနေပါက မှန်ကန်အောင် ပြင်ဆင်ရန် မိမိတို့အား အမြဲတစ်စေ တောင်းဆိုပိုင်ခွင့်ရှိသည်။
သင်၏ အမှားပြင်ဆင်ခြင်းတောင်းဆိုမှုကို လက်ခံရရှိပြီးနောက် ရက်ပေါင်း (၃၀) အတွင်း မည်သည့်အခြေအနေမျိုးတွင်မဆို တတ်နိုင်သမျှ အမြန်ဆုံး တုံ့ပြန် ပါမည်။ သင်၏တောင်းဆိုချက်ကို လိုက်နာရန် (အကြောင်းပြချက်ဖြင့်) သို့မဟုတ် တောင်းဆိုချက်ကို အကျိုးသက်ရောက်စေရန် နောက်ထပ် အချိန် လိုအပ်ပါက အချိန်ဘောင်အတွင်း သင့်အား အကြောင်းကြားပါမည်။ |
သင်၏သဘောဆန္ဒ အလျှောက်ရုပ်သိမ်းပိုင်ခွင့် | သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့မှစုဆောင်းမှု၊ အသုံးပြုမှုနှင့် ရည်ရွယ်ချက်များအားလုံးအတွက် ထုတ်ဖော်ရန် ခွင့်ပြုချက်အား သင့်အနေဖြင့် အချိန်မရွေး ရုပ်သိမ်းနိုင်သည်။ သင်၏နှုတ်ထွက်ခွင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်အခါ၊ ကျွန်ုပ်တို့အတွက် သင့်အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို ထိခိုက်စေနိုင်သည့် ဥပဒေအကျိုးဆက်များ အပါအဝင် တောင်းဆိုချက်၏ နောက်ခံ ရှုပ်ထွေးမှုအခြေအနေနှင့် သင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုအပေါ် မူတည်၍ သင့်တောင်းဆိုချက်အား စီမံဆောင်ရွက်ပေးရန်အတွက် တူညီသောလက်ခံမှု၏ အကျိုးဆက်များကို သင့်အားအကြောင်းကြားရန် ကျွန်ုပ်တို့ သင့်လျော်သော အချိန်တစ်ခု လိုအပ်ပါသည်။ သင့်တောင်းဆိုချက်ကို လက်ခံရရှိပြီးနောက် ရုံးဖွင့်ရက် (၁၀) ရက်အတွင်း လုပ်ဆောင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး ထပ်လောင်း အချိန်လိုအပ်ပါက သင့်အား အကြောင်းကြားပါမည်။ |
သင်၏ဒေတာအကြောင်းအရာဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံးရန် ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးအရာရှိ (DPO)သို့ ဆက်သွယ်နိုင်သည် သို့မဟုတ် ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် dataprotection@foodpanda.mm သို့ အီးမေးလ်ပေးပို့၍လည်း သင့်ကိုယ်ရေးကိုယ်တာ ဒေတာကို မည်သို့လုပ်ဆောင်ပုံတို့ကို သင်ပိုမိုရှာဖွေနိုင်ပါသည်။
မွမ်းမံ ။ ။ ဧပြီလ ( ၁၂ )၊ ၂၀၂၄။