Frequently Asked Questions

foodpanda နဲ့လက်တွဲလုပ်ကိုင်လျက်ရှိတဲ့ panda rider များ အားလုံး အစီအစဉ်မှာ အကျုံးဝင်ပါတယ်။ ပြီးမြောက်အောင်ပို့ဆောင်တဲ့ အော်ဒါတစ်ခုချင်းစီတိုင်းအတွက် Bamboo ပွိုင့်တွေပြန်လည်ရရှိမှာဖြစ်ပြီး ရရှိထားတဲ့ပွိုင့်တွေကိုလည်း သတ်မှတ်ချက်များအတိုင်း ဆုပစ္စည်းတွေနဲ့ လဲလှယ်ရယူနိုင်မှာပါ။

အောက်ပါပစ္စည်းတွေနဲ့ သတ်မှတ်ချက်များအတိုင်း လဲလှယ်ရယူနိုင်မှာပါ။

ရှိပါတယ်။ အောက်ပါဇယားမှာ အသေးစိတ်ဖတ်ရှု့နိုင်ပါတယ်။

Rider Shop ကတဆင့် လဲလှယ်လိုတဲ့ပစ္စည်းကို Bamboo Rewards ပွိုင့်အသုံးပြုပြီး အော်ဒါတင်လဲလှယ်ပြီးနောက် သက်ဆိုင်ရာ foodpanda Hub ကို အော်ဒါအမှတ်နဲ့အတူ (စနေ၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များမှလွဲပြီး) မနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ သွားရောက်ထုတ်ယူလို့ရမှာပါ။ လဲလှယ်ရယူနိုင်မယ့်ပုံစံ အသေးစိတ်ကိုလည်း ဖော်ပြပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Bamboo Rewards – MM – foodpanda

Bamboo Rewards ကနေ ရထားတဲ့ပွိုင့်တွေကိုတော့ အခြား panda rider တစ်ဦးနဲ့ အပြောင်းအရွှေ့လုပ်ခြင်း၊ အခြား Rider Shop အကောင့်တစ်ခုသို့ ပေါင်းထည့်ခြင်းများပြုလုပ်လို့မရနိုင်ပါဘူး။

အော်ဒါလက်ခံမှုနှုန်း (Acceptance rate)အပေါ် ကန့်သတ်ထားချက်များမရှိပါ။

ပွိုင့်ဆိုတာ လဲလှယ်ရယူနိုင်တဲ့ ဆုပစ္စည်းအရေအတွက်နဲ့ ပမာဏကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး ပြီးမြောက်အောင်ပို့ဆောင်တဲ့ အော်ဒါတစ်ခုစီအလိုက် ပွိုင့်ရရှိမှာဖြစ်ပါတယ်။ အော်ဒါ(၁)ကြောင်း ပို့ဆောင်ပြီးတိုင်း (၁)ပွိုင့်ရရှိမှာပါ။ လတစ်လပြီးဆုံးတိုင်း ထိုလမှာပို့ဆောင်ခဲ့တဲ့ အော်ဒါအရေအတွက်အလိုက် ရရှိမယ့်ပွိုင့်တွေကိုတော့ panda rider shop ကတဆင့် သိရှိနိုင်မှာဖြစ်ပါတယ်။

ဇူလိုင်လမှ ဒီဇင်ဘာလကုန်အထိ စုဆောင်းထားတဲ့ပွိုင့်တွေက ဇန်နဝါရီလ(၃၁)ရက်နေ့အထိ အကျုံးဝင်ပါတယ်။

မပြောင်းလဲပါ။ အဆင့်တွေက (၃)လ သက်တမ်းရှိနေမှာဖြစ်ပြီး ဆုပစ္စည်းလဲလှယ်ပြီးတဲ့အခါတိုင်း အဆင့်ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆုပစ္စည်းလဲလှယ်ပြီးတိုင်းမှာတော့ ရရှိထားတဲ့ပွိုင့်တွေထဲက လဲလှယ်လိုက်တဲ့ဆုပစ္စည်းနဲ့ညီမျှတဲ့ပွိုင့်ကို နုတ်သွားမှာဖြစ်ပါတယ်။

(foodpanda အီလက်ထရောနစ် ဘောင်ချာများမှလွဲပြီး) ကျန်အခြားဆုပစ္စည်းတွေကို သက်ဆိုင်ရာ foodpanda ရုံးမှာ လာရောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ဆုပစ္စည်းများကို ဦးရာလူစနစ်အခြေခံပြီး လဲလှယ်ထုတ်ယူနိုင်မှာဖြစ်တဲ့အပြင် လဲလှယ်ရယူနိုင်တဲ့ဆု ပစ္စည်းအသစ်များ ထပ်တိုးထည့်သွင်းတဲ့အခါတိုင်း (သို့) လဲလှယ်ရယူနိုင်တဲ့ ဆုပစ္စည်းလက်ကျန်ကုန်သွားတဲ့အခါ ဆုပစ္စည်းလဲလှယ်ဖို့စောင့်ဆိုင်းရမယ့်စာရင်းမှာ သင့်ကိုထည့်သွင်းထားတဲ့အခါတိုင်း အသိပေးသွားမှာပါ။ လဲလှယ်ရယူနိုင်တဲ့ ဆုပစ္စည်းတွေကတော့ ပစ္စည်းလက်ကျန်ရှိမူအပေါ်မူတည်ပါတယ်။

အကျုံးဝင်ပါတယ်။ ပို့ဆောင်မှုမလုပ်ဘဲ အနားယူထားသော်လည်း ပွိုင့်တွေက (၆)လ သက်တမ်းရှိတဲ့အတွက် သက်တမ်းကာလတလျှောက် ပွိုင့်တွေကိုအသုံးပြုနိုင်မှာပါ။ ဒါပေမယ့် ပို့ဆောင်မှုရပ်လိုက်တဲ့အခါမှာတော့ သင့်ပွိုင့်လက်ကျန် ထပ်တိုးလာမှာမဟုတ်ပါဘူး။

panda rider တိုင်း ယခုအစီအစဉ်မှာ အကျုံးဝင်ပါတယ်။ သို့သော် ရုံးသို့ပေးထားသော ကိုယ်ရေးအချက်အလက်နဲ့ ကိုက်ညီမှုမရှိတဲ့ panda rider များအနေနဲ့ လုံလောက်တဲ့ပွိုင့်ရှိထားသော်လည်း ဤအစီအစဉ်မှာ အကျုံးဝင်နိူင်မှာမဟုတ်ပါဘူး။ foodpanda Myanmar ဘက်မှ Bamboo Rewards အစီအစဉ်အား အချိန်မရွေး ဖျက်သိမ်းခြင်း / ပြီးဆုံးခြင်းပြုလုပ်နိင်သည်ကို သိရှိထားရမည်ဖြစ်ပြီး Bamboo ပွိုင့်များသည်လည်း foodpanda Myanmar ၏ တစ်ဦးတည်းပိုင်ဆိုင်မှုဖြစ်ကြောင်းကိုလည်း သိရှိထားရပါမည်။

Bamboo Rewards အစီအစဉ်သည် panda rider တို့ရဲ့ ကြိုးစားလုပ်ကိုင်မှုများအပေါ် အသိမှတ်ပြုသည့်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ခံစားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ထားသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အစီအစဉ်နှင့်ပတ်သက်ပြီး ပြောင်းလဲချက်၊ ပြင်ဆင်ချက်များရှိပါက foodpanda Myanmar ဘက်မှ ကြိုတင်အသိပေးပြောင်းလဲမည်ဖြစ်ပြီး အငြင်းပွားဖွယ်ရာကိစ္စတစ်စုံတစ်ရာရှိလာပါက foodpanda Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟု ယူဆရပါမည်။