Frequently Asked Questions

Dynamic Service Fee တွက်ချက်မှုပုံစံအတိုင်း လုပ်အားခရရှိမှာပါ။ အသေးစိတ်ကို ကျေးဇူးပြုပြီး ဒီနေရာမှာကြည့်ရှု့ပါ here

လုပ်အားခကို Calendar Week(CW) အလိုက် အပတ်စဉ်သောကြာနေ့တိုင်းမှာ ရရှိမှာဖြစ်ပါတယ်။

လုပ်အားခရရှိမှုပြေစာကို အပတ်စဉ်လုပ်အားခရရှိတဲ့သောကြာနေ့တိုင်း လုပ်အားခရရှိပြီးချိန်မှာ မိမိရဲ့ foodpanda rider အက်ပ်> Menu bar> Inbox အတွင်း ”လုပ်အားခရရှိမှုပြေစာ” အနေနဲ့ရရှိမှာဖြစ်ပါတယ်။

ရှိပါမယ်။ Incentive (ဘောနပ်စ်)အစီအစဉ်တွေရှိတဲ့အခါတိုင်း Official Communication Channel တွေဖြစ်တဲ့ Telegram , foodpanda rider အက်ပ်ရဲ့ Inbox အတွင်းနဲ့ foodpanda rider Website အစရှိတဲ့နေရာတွေကတဆင့် သိရှိနိုင်မှာဖြစ်ပါတယ်။

အပတ်စဉ်သောကြာနေ့တိုင်းက လုပ်အားခရရှိတဲ့ရက်ဖြစ်ပါတယ်။ ယခင်တပတ်အတွင်း အလုပ်လုပ်ကိုင်ပြီးရရှိတဲ့လုပ်အားခကို လာမယ့်အပတ်ရဲ့သောကြာနေ့မှာရရှိမှာဖြစ်ပြီး လုပ်အားခထုတ်ယူနိုင်တဲ့အချက်အလက်အသေးစိတ်ကိုတော့ အကောင့်ပြုလုပ်ထားတဲ့ ဖုန်းနံပါတ်ဆီ SMS (စာတို)တစ်ခုအနေနဲ့ Payment Provider ဖြစ်တဲ့ truemoney ဘက်ကနေ ပေးပို့လာမှာဖြစ်ပါတယ်။ SMS စာတိုရရှိတဲ့အခါ နီးစပ်ရာ truemoney ကိုယ်စားလှယ်ထံမှာ ပြသပြီးထုတ်ယူနိုင်မှာပါ။ (အကယ်၍ လုပ်အားခရရှိမယ့်နေ့မှာ SMS စာတိုမရရှိပါကလည်း truemoney Call Center ဖုန်းနံပါတ် 09969519999 သို့ မိမိရဲ့အချက်အလက်အပြည့်အစုံနှင့်အတူ panda rider အကောင့်ဖွင့်ထားသည့်ဖုန်းနံပါတ်ဖြင့်ခေါ်ဆိုပြီး Cashout Code တောင်းဆိုမှုအတွက် အကူအညီရယူနိုင်ပါသည်)