Bamboo Rewards

အော်ဒါပို့ဆောင်ရင်း Bamboo ပွိုင့်တွေကိုစုဆောင်းပြီး အစီအစဉ်မှာပါဝင်တဲ့ဆုပစ္စည်းတွေနဲ့လဲလှယ်ရယူပါ!-လဲလှယ်ရယူနိုင်တဲ့ပစ္စည်းတွေထဲမှ သင့်ရဲ့အနှစ်သက်ဆုံးပစ္စည်းတွေကိုလည်း စုဆောင်းရရှိထားတဲ့ပွိုင့်တွေကိုအသုံးပြုပြီးစိတ်ကြိုက်လဲလှယ်နိုင်မှာပါ.

panda rider များ မင်္ဂလာပါ …

ယခင် ပန်ဒါစုဗူး(Panda Suboo) ကို ၂၀၂၂ ဇူလိုင်(၁)ရက်မှစတင်ပြီး အဆင့်မြှင့်တင် ပြောင်းလဲထားတဲ့ Bamboo Rewards အစီအစဉ်အသစ်ကနေကြိုဆိုပါတယ်။ panda rider များအနေနဲ့ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေကို ရရှိစေဖို့ရည်ရွယ်ပြီး ပြောင်းလဲမှုအနည်းငယ်ကိုလည်း ပြုလုပ်ထားပါတယ်။

  • ဒါကတော့ panda riderတို့ စုဆောင်းရရှိထားတဲ့ပွိုင့်တွေကို ဆုပစ္စည်းတွေနဲ့ လဲလှယ်ရယူနိုင်မှာဖြစ်ပြီး ပွိုင့်အရေအတွက်အလိုက် ဆုပစ္စည်းအမျိုးမျိုးရှိမှာဖြစ်ပါတယ်။ အော်ဒါများများပို့ဆောင်နိုင်လေ ပွိုင့်တွေများများရရှိလေဖြစ်ပြီး ရရှိတဲ့ပွိုင့်တွေနဲ့ ဆုပစ္စည်းတွေကို လဲလှယ်နိူင်မှာပါ!

  • အမြင့်ဆုံးဆုပစ္စည်းတွေနဲ့ လဲလှယ်နိုင်ဖို့အတွက် panda rider တို့အနေနဲ့ မိမိတို့ရရှိထားတဲ့ပွိုင့်တွေကို လအနည်းငယ်ကြာတဲ့အထိ စုဆောင်းထားလို့ရနိုင်ပါတယ်။ (ဥပမာ – ဆုပစ္စည်းတွေထဲမှာ လျော့ဈေး ဘောင်ချာတွေ၊ အရည်အသွေးကောင်းမွန်တဲ့ foodpanda ပို့ဆောင်ရေးသုံးပစ္စည်းတွေနဲ့ အခြားဆုပစ္စည်းတွေကိုလည်း ဆက်လက်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်)

အဆင့်များ (Tiers) :

အထက်ဖော်ပြပါအတိုင်း သင့်၏အဆင့်(Tier)ပေါ်မူတည်ပြီး panda rider shop မှတဆင့် သင်တောင်းဆိုနိုင်သော ဆုအမျိုးအစားများကို သတ်မှတ်ပေးမည်ဖြစ်သည်။ သင်အဆင့်မြင့်လေ ဆုတွေက ပိုကောင်းလေပါပဲ ၊သင့်အဆင့်သည် Quater/(၃-လတဖြတ်) တစ်ခုစီတွင် သင်စုဆောင်းထားသော အမှတ်များပေါ်မူတည်ပြီး အဆင့်(Tier)တစ်ခုစီတိုင်းအတွက် အချိန် (၃)လ သက်တမ်းရရှိပါမည်။

ဥပမာ – သင်က ဇန်န၀ါရီမှ မတ်လအတွင်း ပို့ဆောင်ထားသည့်အော်ဒါပေါင်း (၇၀၀)ခု ပြီးမြောက်ထားပါက၊ ဧပြီလမှ ဇွန်လအတွက် သင့်၏အဆင့်(Tier)သည် Silver အဆင့်ဖြစ်မည်။ ထို့အပြင်သင်သည် ဧပြီမှ ဇွန်လအထိ ပို့ဆောင်ထားသည့် အော်ဒါစုစုပေါင်း (၁၁၃၀) ပို့ဆောင်ခဲ့ပါက ဇူလိုင်မှ စက်တင်ဘာလအတွက် သင်၏အဆင့်သည် Platinum အဆင့်(Tier) ဖြစ်ပါမည်။

ဆုပစ္စည်းများ (Prizes) :

 ဘယ်လိုလဲလှယ်ရမလဲ :

  1. ပြီးမြောက် ပို့ဆောင်ပြီးတဲ့ အော်ဒါ(၁)ခုချင်းစီတိုင်းအတွက် Bamboo ပွိုင့်(၁) ပွိုင့်ရရှိပါမည်ဖြစ်သည်။

  2. သင်ပြီးမြောက်အောင် ပို့ဆောင်ထားသည့် အော်ဒါအရေအတွက်အား တွက်ချက်ပြီး သင်ပွိုင့်မည်မျှရရှိနေသည်ကို သိရှိနိုင်ပါသည်။ သင်ရရှိမည့်အဆင့်အတွက် ပြီးခဲ့သော Quarter/ (၃)လတဖြတ်အတွင်းကရရှိခဲ့သည့် Bamboo ပွိုင့်အရေအတွက်အား တွက်ချက်ပြီး ရောက်ရှိမည့်သင့်ရဲ့အဆင့်ကို သိရှိနိုင်မည်ဖြစ်သည်။

  3. ဆုပစ္စည်း လဲလှယ်ဖို့အတွက် Panda Rider Shop မှာ သင့်ရဲ့အကောင့်ဖြင့် ၀င်ရောက်ပါ။ လဲလှယ်ရယူနိုင်မည့် ဆုပစ္စည်းတွေကို မြင်တွေ့ရပါမည်။

  4. Panda Shop မှာ လဲလှယ်မည့် ဆုပစ္စည်း အမျိုးအစားကို ရွေးချယ်ပြီးနောက် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး လဲလှယ်ဖို့ အော်ဒါတင်ပြီးတဲ့အခါ သက်ဆိုင်ရာ foodpanda ရုံး(Hub) သို့ အော်ဒါ အမှတ်နှင့်အတူ လာရောက်ပြီး ဆုပစ္စည်းကိုထုတ်ယူနိူင်ပါပြီ။

panda rider shop မှာ
အကောင့်ဘယ်လို၀င်ရောက်ရမလဲ :

 

 

မေးလေ့မေးထရှိသော မေးခွန်းများ