Frequently Asked Questions

foodpanda နဲ့လက်တွဲလုပ်ကိုင်နေတဲ့ panda rider တစ်ယောက်ဆို သင့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာ panda rider အဖြစ်လက်တွဲလုပ်ကိုင်လိုတဲ့ပို့ဆောင်သူတွေကို ရည်ညွှန်းပြောဆိုပြီး ကိုယ်ရဲ့ Referral link ကတဆင့် အလုပ်လျှောက်ပေးလိုက်တာနဲ့ Rider Referral ဘောနပ်စ်ရယူနိုင်မှာပါ။ *Rider Referral Bonus အစီအစဉ်ရှိသည့်အချိန်အတွင်းသာ ခံစားခွင့်ရှိသည်*

၁) foodpanda rider app သို့ မိမိအကောင့်ဖြင့် ဝင်ရောက်ပါ။
၂) Menu bar ကိုနှိပ်ပြီး ”Refer a Friend Rewards” ထဲသို့ ဝင်ရောက်ပါ။
၃) Referral link အောက်မှာရှိတဲ့ Share link ကိုနှိပ်ပြီး ပို့ဆောင်သူအဖြစ်လုပ်ကိုင်မယ့် မိတ်ဆွေ၊သူငယ်ချင်းထံကို ဖုန်း SMS, Social Media တွေကတဆင့်ပေးပို့ပြီး ထိုလင့်ခ်ကနေ တိုက်ရိုက်အလုပ်လျှောက်ထားဖို့ရည်ညွှန်းပြောဆိုပါ။ Refer ပြုလုပ်မှုအဆင့်ပြီးမြောက်ပါပြီ!

foodpanda rider app > Menu bar ကိုနှိပ်ပြီး ”Refer a Friend” အတွင်းက Referral link နေရာမှာမြင်တွေ့နိုင်ပါတယ်။

သတ်မှတ်ထားသော စည်းမျဥ်း၊ စည်းကမ်းများနှင့်ကိုက်ညီမှုရှိသည့် panda rider တိုင်းက panda rider အဖြစ်လုပ်ကိုင်လိုတဲ့ သင့်သူငယ်ချင်းတိုင်းကို ရည်းညွှန်းပြောဆိုနိုင်ပါတယ်။