Frequently Asked Questions

ဆိုင်သို့ပြန်လည်ပို့ဆောင်ရန် သတ်မှတ်ထားသည့်အချိန်အတွင်း ၁ ကီလိုမီတာနှင့်အထက်အော်ဒါများအား လုပ်ဆောင်ရမည့်လမ်းညွှန်ကြားချက်များအတိုင်း ဆိုင်သို့ပြန်လည်ပို့ဆောင်ထားပြီးပါက ပြန်လည်ပို့ဆောင်ခရရှိပါမည်။

အော်ဒါပစ္စည်းပြန်လည်ပို့ဆောင်ရမည့်ဆိုင်သို့ရောက်ရှိပါက မည်သို့ဆက်လက်လုပ်ဆောင်ရပါမလဲ?
ဆိုင်ရှင်/ ဝန်ထမ်းအား ”မင်္ဂလာပါ … foodpanda ကပါ။ အော်ဒါ Cancel ဖြစ်သွားတဲ့အတွက် ဆိုင်သို့လာရောက်ပြန်လည်အပ်နှံတာဖြစ်ပါတယ်”ဟုပြောပြပြီးလျှင် ဆိုင်သို့ပြန်လည်အပ်နှံပြီးကြောင်း ပို့ဆောင်မှုသက်သေ(Proof of delivery)အဖြစ်ဓာတ်ပုံရိုက်ယူထားရန် လိုအပ်ပါသည်။ လိုအပ်ပါက သက်ဆိုင်ရာဆိုင်မှ Cancel order ပြန်လည်ထားရှိမှုစာရင်းတွင် လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

ပြန်လည်ပို့ဆောင်ရမည့် အကွာအဝေးအလိုက် လုံလောက်သည့်အချိန်တစ်ခုရရှိပါသည်။ သို့သော် Cancel ဖြစ်သည်ဟုသိရှိပါက လုပ်ဆောင်ရမည့်လမ်းညွှန်ချက်များအတိုင်း နှောင့်နှေးခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်သွားရန် သေချာပါစေ။

Cancelအော်ဒါအား  ဆိုင်သို့ အမှန်တကယ်ပြန်လည်ထားရှိခြင်းမရှိပဲ Drop off နှိပ်ပါက  အော်ဒါ၏တန်ဖိုးအတိုင်းပေးလျော်ရမည့်အပြင် မိမိအကောင့်အား အနားပေးခံရသည်အထိ အပြစ်ပေးခံရနိုင်ပါသည်။

အော်ဒါ(၂)ခုအနက် (၁)ခုသည် Cancel ဖြစ်ပေါ်ပါက ပို့ဆောင်ရန်ကျန်ရှိနေသော နောက်အော်ဒါတစ်ခုအား ဖော်ပြထားသောတည်နေရာသို့ ဦးစွာသွားရောက်ပို့ဆောင်ပါ။ ထို့နောက် Cancel အော်ဒါအား သက်ဆိုင်ရာဆိုင်သို့မဖြစ်မနေသွားရောက်ပို့ဆောင်ရမည်ဖြစ်ပါသည်။
အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် Cancel ‌ဖြစ်ပွားသော အော်ဒါအား ဦးစွာ ဆိုင်သို့ပြန်လည်ထားရှိခဲ့ပါက ကြီးကြပ်‌ရေးမှူး (နားကြပ်ပုံ) ထံဆက်သွယ်ပြောကြားရမည်ဖြစ်ပြီး အကောင့်ပိတ်ခံရခြင်းမှ ကာကွယ်နိုင်ရန် ဆိုင်သို့ပြန်လည်ထားရှိကြောင်း အထောက်အထားအဖြစ် ရိုက်ကူးထားသောဓါတ်ပုံ (Proof of Delivery) အား order code နှင့်တကွ Rider Support မှတဆင့် Ticket ပေးပို့၍အကြောင်းကြားရမည်ဖြစ်ပါသည်။

Cancel ဖြစ်သွားသော အော်ဒါတိုင်းအတွက် သက်ဆိုင်ရာ ဆိုင်သို့ပြန်ထားရမည်ဖြစ်ပါသည်။